သတင်းများ

ပခုက္ကူမြို့နယ်၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jun 12,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်ကို နားလည်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
မိုးနဲမြို့နယ် အမှတ် (၁)အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ
Jun 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ကမ္ဘာ့အလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား/သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Jun 12,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ “လူငယ်နှင့်အောင်မြင်မှု”စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့တွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကမ္ဘ့ာကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများကို ဖြန့်ဝေခဲ့သည်၊၊
မြစ်သားမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ရောင်းဈေးနှင့်ပင်ရင်းဝယ်သည့် ဈေးများအား သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်
Jun 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဘိလပ်မြေရောင်းသည့်ဆိုင်များအား ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများ သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်း (၁) နာရီအချိန်က လိုက်လံစစ်ဆေးခဲ့သည်။
လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း(နောင်ပန်)တွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jun 12,2025
အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ အနာဂတ်ကိုဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းလာစေရန်နှင့် ကျောင်းသူများသွားလာရာ ၌အန္တရာယ်ကင်းစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အ‌ခြေခံပညာမူလတန်းကျောင်း(နောင်ပန်)၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် အား/ကာတို့မှ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဆေးဘက်ကျွမ်းကျင်−၄ (ဆေးလူမှု) (၆လ) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Jun 12,2025
ဆေးဘက်ကျွမ်းကျင်−၄ (ဆေးလူမှု) (၆ လ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ဒေသခံများအနေဖြင့်  မှိုမုန့်သန်းများ ခူးဆွတ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ
Jun 12,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ဒေသခံပြည်သူများသည် အများအားဖြင့် နှစ်တို၊ နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး အလေ့ကျပေါက်လျက်ရှိသည့်  အသီးအရွက်များကိုလည်း ဆွတ်ခူးရောင်းချလျက်ရှိရာဒေသခေါ် မှိုမုန့်သန်းများ ဈေးကောင်းရကြောင်း သိရသည်။