နတ်မောက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုရေး၊ မွေးမြူရေးဟောပြောပွဲ ပြုလုပ်

နတ်မောက် ဇွန် ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/ သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဖြစ်သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတို့တွင် နည်းပညာတက္ကသိုလ် (အင်ဂျင်နီယာဘွဲ့) -၆နှစ်၊ အစိုးရနည်းပညာကောလိပ် ( နည်းပညာဘွဲ့) - ၄နှစ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်ဂျင်နီယာနည်းပညာဒီပလိုမာ) -၃နှစ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (စိုက်ပျိုးရေးသိပ္ပံဘွဲ့) -၅နှစ်၊စိုက်ပျိုးရေးသိပ္ပံ (စိုက်ပျိုးရေးဒီပလိုမာ)-၃နှစ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (စက်မှုလယ်ယာနည်းပညာဒီပလိုမာ) -၃နှစ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ( တိရစ္ဆာန်ဆေးပညာဘွဲ့) -၆နှစ်၊ (မွေးမြူရေးပညာဘွဲ့) -၄နှစ်၊ စိုက်ပျိုးရေးသိပ္ပံ (မွေးမြူရေးဒီပလိုမာ)-၃ နှစ်၊ ငါးလုပ်ငန်းသိပ္ပံ (ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ) -၃နှစ်စသည့် ကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လိုသည့် ကျောင်းသား/သူများအား ကျောင်းအုပ်ဆရာကြီးထံ စာရင်းပေးသွင်းနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ Grade-9 အောင် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း