နတ်မောက် ဇွန် ၄
“ပညာရေးဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပညာရေးဝန်ကြီးဌာနမှ ဘာသာရေး၊ လူမျိုးရေး၊ ကျား/မဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်ရည်ရွယ်၍ ဇွန်လ၁ရက်နေ့ စတင်၍ဖွင့်လှစ်ခဲ့ရာ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်(၂၁၂)ကျောင်းနှင့် ဘုန်းတော်ကြီးပညသင်ကျောင်း(၁၀)ကျောင်း စုစုပေါင်း(၂၂၂)ကျောင်းတို့တွင် ကျောင်းသား၊ကျောင်းသူ(၃၃၉၀၅)ဦး ကျော်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ကျောင်းအပ်နှံရာ၌ ကျောင်းသား၊ကျောင်းသူများအား အခမဲ့ပညာရေးစနစ်ဆောင်ရွက်ပေးထားသည့်အတွက် မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိသည့်အပြင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း