သတင်းများ

ငှက်ပျောပင်မှရသည့်‌လျှော်ဖြင့် ပြုလုပ်သည့် အိမ်တွင်းလက်မှုပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jun 28,2023
ပုသိမ်အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ ရပ်ရွာအခြေပြု ငှက်ပျောပင်ဖြင့် ပြုလုပ်သည့် လက်မှုသင်တန်း (၆/၂၀၂၃-၂၄)ကို  (၁၇-၆-၂၀၂၃) မှ (၂၆-၆-၂၀၂၃) ထိ ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကျင်းပသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာချက်အလက်(Biometric)ကောက်ယူခြင်းဆောင်ရွက်
Jun 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့နံနက်(၁၁)နာရီမှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ်အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ခေမရဋ္ဌ်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖားကန့်မြို့၌ (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
Jun 28,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်း ဥရုရတနာခန်းမဆောင်၌ ကျင်းပသည်။
ကျိုက်လတ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တွင် ယမန်နေ့နံနက် (၉)နာရီခွဲက သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ပုလောမြို့နယ် ရှပ်ပုံ အဏ္ဏဝါမူလွန်ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး ဟောပြော
Jun 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲက ရှပ်ပုံကျေးရွာ အဏ္ဏဝါမူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယားနှင့် မွန်ဘားဆားမြက် မျိုးသရုပ်ပြ စိုက်ပျိုးခြင်းဆောင်ရွက်
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ညနေပိုင်းက တိရစ္ဆာန်အစာပင် နေဗီယားနှင့်မွန်ဘားဆား မြက်တို့ကို စမ်းချောင်းကျေးရွာ ကျွဲမွေးမြူးခြံ၌မျိုးစိုက်ပျိုးခဲ့ကြောင်း သိသည်။
ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံက်ပိုင်းက ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာကျောက်ဂူတောရ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။