ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် ၁၀ နှစ် အထက် ကျောင်းသား၊ ကျောင်း သူ ၉၄ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဇေယျာသီရိ ဇွန် ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒိုးပင်ခုန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်အနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ဦးစီးမှူး ဒေါ်တိုးတိုးလွင်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာရီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး အခမ်းအနား တွင် ဒေါ်တိုးတိုးလွင်က နိုင်ငံသားစိစစ်ရေးကတ်ပြား၏တန်ဖိုးနှင့် ကိုင်ဆောင်သူများလိုက်နာရမည့် စည်းကမ်းချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်မှသာ နိုင်ငံသား အခွင့်အရေးကို ပြည့်ပြည့်ဝဝရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် ၁၀ နှစ်အထက်ရှိသူ ကျောင်းသား၊ ကျောင်းသူ ၉၄ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)