ကြို့ပင်ကောက် ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များတွင် ထိန်းချုပ်ဓာတုပစ္စည်း ထားရှိရောင်းချခြင်းရှိမရှိစစ် ဆေးခြင်းအား ယနေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ထိန်းချုပ်ဓာတုပစ္စည်းများအား အများပြည်သူ အိမ်သုံး၊ လူသုံး၊ လုပ်ငန်းသုံးအဖြစ် သတ်မှတ်ထားသဖြင့် သတ်မှတ်ပမာဏထက်ကျော်လွန်၍ လက်ဝယ်ထားရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးဆေးဝါးများ ရောင်းချပေးနေသော ဆိုင်များသို့သွားရောက်ပြီ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ မပြုလုပ်ရန် အသိပညာပေးဆွေးနွေးပြီး စိုက်ပျိုးရေးဆေးဝယ်ယူနေကြသော တောင်သူများကိုလည်း အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုကဲသို့စစ်ဆးခြင်းများကို မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးဆေးဝါးပစ္စည်း အရောင်းဆိုင်များသို့ အခါအားလျော်စွာစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)