သတင်းများ

ပွင့်ဖြူမြို့နယ် ရွာသာကျေးရွာတွင် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်
Jul 05,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် သားငါးမွေးမြူထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မုန်းသီတာခန်းမတွင် ကျင်းပသည်။
ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား လာရောက်ရှင်းလင်း
Jul 05,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းများဆက်လက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းဆိုင်ရာအချက်အလက်များအား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လာရောက်ရှင်းလင်း တင်ပြခဲ့သည်။
ပေါ်ဦးပေါ်ဖျား ကြောင်လျှာသီး၊ ကြောင်လျှာပွင့်များ ဈေးကွက်အတွင်း ဈေးကောင်းရရှိနေ
Jul 05,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ခြံစည်းရိုး၊ ယာစည်းရိုးတို့တွင် စိုက်ပျိုးထားသည့် ပေါ်ဦးပေါ်ဖျား ကြောင်လျှာသီး၊ ကြောင်လျှာပွင့်များ ဈေးကောင်းရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဂွေးကုန်းကျေးရွာ ကြောင်လျှာသီး၊ ကြောင်လျှာပွင့် ရောင်းချသူများထံက သိရသည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန အဆောက်အအုံတွင် ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား  ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။
လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Jul 05,2023
ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် ဆိုရိုးစကားနှင့်အညီ အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီစေရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့နယ် မြို့အဝင်/အထွက်စစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်သွယ်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jul 05,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ မော်တော်ယာဉ်များပေါ်တွင် တရားမဝင်ကုန်သွယ်မှုမရှိစေရေးနှင့် မော်တော်ယာဉ် အဝင်/အထွက်စစ်ဆေးခြင်းများကို ယမန်နေ့ညနေ(၃)နာရီအချိန်က ပုလဲ-ဂန့်ဂေါ ၊ ဟားခါး-ဂန့်ဂေါ ၊ ကလေး-ဂန့်ဂေါ ၊ ထီးလင်း-ဂန့်ဂေါ လမ်းဆုံမြို့အဝင်/ အထွက် စစ်ဆေးရေးဂိတ်တွင် ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်အေးနှင့် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယနေ့နံနက်(၉)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jul 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်း သား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိ‌သည်။