သတင်းများ

မုံးထမြို့၌ အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်း
Jul 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မုံးထမြို့တွင် အစေ့ထုတ်ပြောင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
လိပ်သိုဒေသတွင် နာနတ်သီးများ ဈေးကောင်းရရှိ
Jul 05,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နာနတ်သီးများ ထွက်ရှိချိန် ဈေးကောင်းရရှိပြီး ခူးဆွတ်ရောင်းချနေရကြောင်း ဒေသခံများ၏ ပြောပြချက် အရသိရသည်။
မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်များကို  ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိသတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျား စာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲ အချိန်ခန့်က  မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  သွားရောက်ငှားရမ်းပေးခဲ့သည်။ 
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး
Jul 05,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့(၆)မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
ကျိုင်းတုံမြို့၌ ၂၀၂၃ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၌ ရာသီဥတုကောင်းမွန်၍ ပတ်ဝန်းကျင်စိန်းလန်းစိုပြေစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျိုင်းတုံမြို့၊ မိုင်းဇင်းအုပ်စု၊ ပင်းဆိုင်း “ဝ”ရွာရှိ  (CBT)ကွင်း၌ ယနေ့နံနက် (၈)နာရီက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေး
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာ များရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယမန်နေ့က ပန်ဟိုက်ရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာ ရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ပြုပြင်မှုလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
Jul 05,2023
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ရှင်ဥပဂုတ္တမင်္ဂလာ ကန်တော်ပြုပြင်မှုလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် ရွှေတိဂုံစေတီတော် အောက်ပစ္စယာ အနောက်‌မြောက်ဘက် သိင်္ဂုတ္တရဥယျာဉ်တော်အတွင်းရှိ ဗဟိုမဏ္ဍပ်တွင်ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဟင်္သာတခရိုင်အတွင်းရှိ ရာဘာစိုက်ပျိုး ထုတ်လုပ်မှု၊ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကြည့်ရှုစစ်ဆေး
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇူလိုင်လ (၃)ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ လိုက်ပါလျက် ဟင်္သာတခရိုင်အတွင်းရှိ ရာဘာစိုက်ပျိုးထုတ်လုပ်မှု၊ ပီလောပီနံစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများကြည့်ရှုစစ်ဆေးခဲ့သည်။