မုံးထ ဇူလိုင် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မုံးထမြို့တွင် အစေ့ထုတ်ပြောင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
မုံးထမြို့တွင် နေထိုင်ကြသည့် ဒေသခံတစ်ချို့သည် မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အားထားလုပ်ကိုင်ကြပြီး ယခုလိုမိုးရာသီအချိန်တွင်အစေ့ထုတ်ပြောင်းများ စိုက်ပျိုးကြပြီး ရာသီဥတုနှင့် မြေအနေအထားအရ ကောင်းမွန်သောကြောင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ရပ်ကွက်(၃)မှ တောင်သူ ဦးစောမသူ ထံမှသိရသည်။
သန်းထွန်းအောင်(မုံးထ၊ ပြန်/ဆက်)