ရသေ့တောင် ဇွန် ၂၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ မိုခါမုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုနေ ပြည်သူများအတွက် ကယ်ဆယ်ရေးရိက္ခာ ဆန်များထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်သင်္ဘောဆိပ်၌ပြုလုပ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် ဌာနဆိုင်ရာများ တက်ရောက်ပေးခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် တာဝန်ရှိသူများက မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျောက်တန်းနယ်မြေမှ လေဘေးသင့်ပြည်သူ ၁၉၁၈၁ ဦးအတွက် ရိက္ခာဆန်များကိုပေးအပ်ရာ မုန်တိုင်းဒဏ်သင့် ပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးမှက လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် တာဝန်ရှိသူများက မြို့နယ်ထွေအုပ်ခန်းမ၌ နေ့လည်ပိုင်းအချိန်က မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုရှုံးခဲ့သည့် လောင်းချောင်းတိုက်နယ်အတွင်း လေဘေးသင့်ပြည်သူ ၁၀၄၅၃ ဦးနှင့် စေတီပြင်တိုက်နယ်မှ လေဘေးသင့်ပြည်သူ ၆၃၉၉ ဦးတို့အတွက် ရိက္ခာဆန်များကိုပေးအပ်ရာ မုန်တိုင်းဒဏ်သင့်ပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးများမှက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ရသေ့တောင် (ပြန်/ဆက်)