ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်
Jun 29,2023
အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်နှင့် နောက်ဆက်တွဲ သဘာဝဘေးများကြုံတွေ့လာပါက ကာကွယ်ရေးနည်းလမ်းနှင့် တုံ့ပြန်ပြုမူဆောင်ရွက်ရမည့် အသိပညာဗဟုသုတများ သိရှိစေရန်နှင့် ကိုယ်တိုင်စနစ်တကျ တုံ့ပြန်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၏ ဦးဆောင်စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ အခြေခံပညာ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ ယမန်နေ့က ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ "မြေငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း" ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။