ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ပန်းတနော် ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဇွန် ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိသည်။

ပန်းတနော်မြို့နယ်ရှိ ပင်စင်စားများ ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဇွန် ၂၁ ရက်မှ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ပင်စင်ငွေများကို ထုတ်ပေးလျက်ရှိသည်။ သတ်မှတ်ရက်များ၌ လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအနေဖြင့် ဇူလိုင်လဆန်ပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)