၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ (၃) ဘာသာဂုဏ်ထူးရှင်အား ဂုဏ်ပြုဆုချီးမြှင့်

လိပ်သို ဇွန် ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ (၃) ဘာသာဂုဏ်ထူးရှင် Book Club အဖွဲ့ဝင် စောကျော်မိုးဟိန်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ဂုဏ်ပြုဆုချီးမြှင့်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ Book Club အဖွဲ့ဝင် (၃) ဘာသာဂုဏ်ထူးရှင်အား ဂုဏ်ပြုဆုချီးမြှင့်၍ ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အထ ရှိစေရန်လိုကြောင်း၊ စာဖတ်ခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာပြီး အတွေးအခေါ်အယူအဆများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့်  လူငယ်လေးများဖြစ်လာစေရန် ပြောကြားခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ (၅၁) ဦးရှိပြီး အောင်မြင်သူ (၃၁) ဦးရှိသည့်အနက် ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၉) ဦး ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)