အမ်း ဇူလိုင် ၃၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရန်အတွက်ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများက မြို့ပေါ်နှင့်မြို့နီးကျောင်း(၂၆)ကျောင်း၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ရပ်ကွက်ကျေးရွာအုပ်စုများ ရှိဘုန်းတော်ကြီးကျောင်း(၃၆)ကျောင်းနှင့် သာသနိက အဆောက်အဦများတွင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ကာ ဝါဆိုသ င်္ကန်းများနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း ခြင်းများကိုယမန်နေ့မှစ၍ ကပ်လှူ ပူဇော်ကုသိုလ်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက်များရှိ ဘုန်တော်ကြီးကျောင်များ၌ ခရိုင်မြို့နယ်အဆင့်ဌာန ဆိုင်ရာများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲဝင်များခရိုင် /မြို့နယ် တာဝန်ရှိသူများနှင့်ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခြင်းဌာနဆိုင်ရာများမှ သတ်မှတ်ကျောင်းတိုက်များ၌ ဝါဆို သင်္ကန်းများကို ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျေးရွာအုပ်စု များရှိကျောင်းများ၌စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့်ဝါဆို သင်္ကန်းများကပ်လှူ ပူဇော်ခြင်းများကို ဇူလိုင်လ(၂၇) ရက်နေ့မှ (၃၁)ရက် နေ့ထိသတ်မှတ်ကာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍အဖွဲ့များဖြင့် မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း၌လည်းကောင်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်ကျေးရွာအုပ်စုများ၌ လည်းကောင်း ကုသိုလ်ပြုဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်