ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက မြို့တွင်း လမ်းဆုံ၊ မြောက်ပိုင်း ရပ်ကွက် (အထက)ကျောင်းရှေ့နှင့် ပူးပေါင်းကျန်းမာရေးစစ်ဆေးရေးဂိတ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။