ဘောလခဲ ဒီဇင်ဘာ ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် Mask တပ်ဆင်သည့် နေ့အဖြစ် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက နေအိမ်အပြင်ထွက် သွားလာသူများ၊ စားသောက် ဆိုင်များတွင် လိုက်လံဆောင်ရွက်ခဲ့သည်။
ထိုသို့ Mask များ အခမဲ့ပေးဝေဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးမှူး ဦးစိုးပိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ သဘာဝဘေး ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် Mask မဖြစ်မနေတပ်ဆင်သည့်နေ့ဟု သတ်မှတ်ပြီး ဘောလခဲ မြို့ပေါ် ရပ်ကွက်အတွင်းရှိ နေအိမ်အပြင်ထွက်သူများ၊ ခရီးသွားလာသူများ၊ စားသောက်ဆိုင်များတွင် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် နေအိမ်အပြင် ထွက်ပါက Mask မဖြစ်မနေ တပ်ဆင်ပေးရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဖိုးရယ်