ခရီးသွားပြည်သူများနှင့် ဈေးရောင်းဝယ်သူများ မဖြစ်မနေ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ဖရူဆို ဒီဇင်ဘာ ၁

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မြို့မဈေး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မဖြစ်မနေ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease 2019 ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေး ကော်မတီဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ဈေးကော်မတီများ ပူးပေါင်း၍ ကူးစက်မှုနှုန်း များပြားလာသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ ဈေးရောင်းချသူများ၊ ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများ မဖြစ်မနေ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း ရှိ/မရှိ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ  စည်းကမ်းချက်များကို အလေးထားလိုက်နာ နေထိုင်သွားလာမှု ရှိ/မရှိတို့ကို စစ်ဆေးပြီး နှာခေါင်းစည်း  (Mask) တပ်ဆင် ခြင်း မရှိသူများအား ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း  သိရသည်။

တောရယ်(ပြန်/ဆက်)