မယ်စဲ့ ဒီဇင်ဘာ ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အခွန်လွတ်သာသနာ့မြေ ဂရန် လျှောက်ထားတင်ပြလာမှုအပေါ် ထုတ်ပေး နိုင်ရေး အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က မြေပြင်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် နမ့်ပိန်းလင်ကျေးရွာ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း၊ မယ်ဆည်နမ်ကျေးရွာ ဇေတဝန် ဘုန်းတော်ကြီး ကျောင်း၊ မယ်စဲ့မြို့ တောင်ပိုင်းရပ်ကွက်ရှိ သီရိမင်္ဂလာ ရတနာသုခမြို့မ ဘုန်းတော်ကြီးကျောင်းနှင့် တိုင်းရွှေပြည်ရန် ငြိမ်းအေး စေတီတော်တို့အား အခွန်လွတ်သာသနာ့မြေရရှိရေး လျှောက်ထားတင်ပြလာမှုအပေါ် အခွန်လွတ်သာသနာ့မြေဂရန် ထုတ်ပေး နိုင်ရေး အတွက် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)