လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀)ပြုလုပ်

လွိုင်ကော် ဒီဇင်ဘာ ၁၂

လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀) ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကယားပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်−၁၉ ကာလ ခရီးသွား ကဏ္ဍနှင့်စြပ်လျင်း၍ ခရီးသွားလုပ်ငန်းများဖွင့်လှစ်ခွင်ပြုပါက လွိုင်ကော်ခရိုင်အတွင်း လည်ပတ်သွားလာနိုင်သည့် ခရီးစဉ်ဒေသများတွင် ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ စနစ်တကျ ဖြစ်စေရေးကြိုတင်ပြင်ဆင်ဆောင်ရွက် ရမည့်လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ကြောင်း ၊ ခရီးသွားလုပ်ငန်းကြောင်း ကိုဗစ်−၁၉ ရောဂါပိုး ကူးစပ်ပြန့်ပွားမှုမရှိစေရေး သက်ဆိုင်ရာခရီးစဉ်   ဒေသများအလိုက် စနစ်တကျ စီစဉ် ဆောင်ရွက်ထားကြရန် လိုအပ်မှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ကကယားပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးလင်းဇော်ထွဋ် က ခရီးသွားလုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးက လက်ရှိ ဆောင်ရွက်လျက်ရှိသော ခရီးစဉ်ဒေသ အခြေအနေ များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်သည်။ ထို့နောက် လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များက အထွေ ထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ထွန်းလေး(ပြန်/ဆက်)