မယ်စဲ့ ဒီဇင်ဘာ ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ပြည်သူများ ပူးပေါင်းပါဝင်ပြီး လိုက်နာနိုင်ရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face shield) အခမဲ့ ဝေငှခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့လယ် လမ်းဆုံ၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် လူစည် ကားရာနေရာများ၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ၌ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်း၊ ဌာနဆိုင်ရာများ၊ ရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုကို အဖွဲ့ခွဲ၍ မြို့လယ်လမ်းဆုံ၊ ဗိုလ်ချုပ်လမ်းတစ် လျှောက်နှင့် လူစည်ကားရာနေရာများ၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များတို့တွင် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face shield) အခမဲ့ ဝေငှခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လက်ကိုင် အသံချဲ့စက်ဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အိမ်ပြင်မထွက်ရေး၊ အိမ်ပြင်ထွက်တိုင်း ပါးစပ်နှာခေါင်း စည်းတပ်ဆင်ရေး၊ လူစုလူဝေး နေရာများ ရှောင်ကြဉ်ရေး၊ မကြာခဏ လက်ကိုစနစ်ကျစွာ ဆေးကြောရေးတို့ကို ဆော်ဩခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)