ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးယနေ့ထပ်မံတွေ့ရှိသူ (၁၇) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၃၉၂၄)ဦးရှိကာ ယနေ့သေဆုံးလူနာ(၅)ဦးရှိ

ကယား အောက်တိုဘာ ၂၀

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၃)ဦး စစ်ဆေးခဲ့ရာ(၃)ဦး ပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၁၉)ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၇၆) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၁၄) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၁၇)ဦး ရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ ဆေးရုံကြီးတွင် (၇) ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ် တပ်မတော်​ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၂)ဦး ၊ ဖားဆောင်းမြို့နယ်ဆေးရုံတွင် (၂)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၁)ဦး၊ မယ်စဲ့မြို့နယ်တွင်(၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင်(၂)ဦး ထားရှိကုသပေးလျက်ရှိကြောင်းသိရှိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၇) ဦးရှိရာ ယခုထပ်မံတွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၄၃၉၇) ဦးရှိပြီး ဆေးရုံဆင်း လူနာ(၃၉၂၄)ဦး ရှိပြီး ယနေ့သေဆုံးလူနာ(၅)ဦးရှိရာ လွိုင်ကော်မြို့နယ်အတွင် (၃)ဦး၊ ဒီးမော့ဆိုမြို့နယ်တွင်(၁) ဦး၊ မယ်စဲ့မြို့နယ်တွင်(၁)ဦး ဖြစ်ပြီး သေဆုံးလူနာစုစုပေါင်းမှာ(၁၈၀)ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၀၀) ဦး၊ Positive Medical Centre များတွင် (၄၉)ဦး၊ ဖရူဆိုမြို့နယ်တွင်(၁)ဦး၊ ဘောလခဲမြို့နယ်တွင် (၆၅)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၅၂)ဦးနှင့် မယ်စဲ့မြို့နယ်တွင် (၂၆)ဦး၊ စုစုပေါင်း (၂၉၃) ဦးအား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)