ဖာဆောင်း အောက်တိုဘာ ၂၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က အဆိုပါရုံး၌ ဖားဆောင်းမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်က အသက်(၁၆)နှစ်နှင့်အထက် အိမ်ထောင်စု စာရင်း မရှိသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုလိုပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် အလုပ်လုပ်ကိုင်ဆောင်ရွက်ရာ တွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန် ခရီးသွားလာရာတွင် အဆင်ပြေစေရန် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။ထိုနောက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ လဲလှယ်(၃)ဦး၊ နိုင်၆(က)(၁)ဦး၊ မိတ္တူ(၁)ဦး၊ အိမ်ထောင်စုလူဦးရေးစာရင်း အိမ်ထောင်စုခွဲ(၂)စု၊ အိမ်ထောင်စုဝင်(၂)စုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ‘’ပန်းခင်းစီမံချက်’’ အသိပညာပေး လက်ကမ်းစာစောင်များ ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်ထံမှ သိရသည်။
နန်းသဲနုအောင် (ဖားဆောင်း)