ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၁၇)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၃၉၆၅)ဦးရှိ


ကယားပြည်နယ် အောက်တိုဘာ ၂၂

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက် ၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၅၀)ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၇)ဦးမှာ Positive ဖြစ်ပါသဖြင့် ယမန်နေ့ ပိုးတွေ့ လူနာသစ် (၁၇)ဦးရှိရာ ၎င်းပိုးတွေ့လူနာ များအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၆)ဦး၊ ဘောလခဲ မြို့နယ်ရှိ (PMC)များတွင် (၃)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၃)ဦး၊ မယ်စဲ့မြို့နယ်ဆေးရုံတွင် (၂)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၃)ဦး ထားရှိကုသပေးလျက် ရှိကြောင်း သိရှိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၇) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ် တွင် အတည်ပြုလူနာစုစုပေါင်း (၄၄၃၄)ဦး၊ ဆေးရုံဆင်း လူနာ(၃၉၆၅)ဦးရှိပြီး သေဆုံး လူနာ(၁)ဦးရှိရာ ဖယ်ခုံမြို့မှ ဖြစ်ပြီး သေဆုံးလူနာစုစုပေါင်းမှာ (၁၈၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၉၆) ဦး၊ Positive Medical Centre များတွင် (၄၇)ဦး၊ ဖရူဆိုမြို့နယ်တွင်(၁)ဦး၊ ဘောလခဲမြို့နယ်တွင် (၅၃)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၅၈)ဦးနှင့် မယ်စဲ့မြို့နယ်တွင် (၃၀)ဦး၊ စုစုပေါင်းလူနာ (၂၈၅) ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)