ဘောလခဲ အောက်တိုဘာ ၂၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်မှစ၍ ဘောလခဲပြည်သူ့ဆေးရုံနှင့် အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ရောက်ရှိလာသော ပြည်သူများအား ခရိုင်၊ မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်းရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်နှင့် တာဝန်ရှိအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိသော ပြည်သူများအား အာဟာရဖြည့် အစားအစာများအား ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ တာဝန်ရှိ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီလျက်ရှိပြီး ကာကွယ်ဆေး လာရောက် ထိုးနှံသူပြည်သူများ စာရင်းမှတ်တမ်း ပြုစုခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်း၊ အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးပြီးမှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံ့ပြီးသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် အတိုင်း မိနစ်(၃၀)ခန့် အနားယူစေပြီး ထူးခြားမှု ရှိ/မရှိ စောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)