မယ်စဲ့မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ

မယ်စဲ့ အောက်တိုဘာ ၁၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်ကန်ကျေးရွာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်ဝင်း က တိုင်းရင်းသားပြည်သူတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ခွင့်လက်မှတ် မှန်မှန်ကန်ကန်ရရှိရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအလိုက် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ပြည်သူများထံအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး ဝမ်ကန် ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များကို ကျေးရွာပြည်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)