ကယား နိုဝင်ဘာ ၉
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၈)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၄၅၄) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂၂) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ ပိုးတွေ့လူနာသစ် (၂၂)ဦးရှိရာ ၎င်းပိုးတွေ့လူနာ များအနက် လွိုင်ကော်ဆေးရုံကြီးတွင် (၈) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင် (၁)ဦး ၊ ဘောလခဲမြို့နယ် ဆေးရုံတွင် (၃)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင်(၄)ဦး၊ မယ်စဲ့မြို့နယ်ဆေးရုံတွင် (၂)ဦးနှင့် ဖားဆောင်းမြို့နယ်ရှိ (PMC)များ တွင်(၄)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂၂) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ် တွင် အတည်ပြုလူနာစုစုပေါင်း (၅၃၂၇)ဦး၊ ဆေးရုံဆင်း လူနာ(၄၄၆၁)ဦးရှိပြီး ယနေ့တွင် သေဆုံးလူနာ(၄)ဦးဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်တွင်(၂)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၁)ဦးနှင့် မိုးဗြဲမြို့တွင် (၁)ဦးဖြစ်ပြီး ယနေ့အထိ သေဆုံးလူနာ စုစုပေါင်းမှာ(၂၁၂)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၄) ဦး၊ Positive Medical Centre များတွင် (၇၀)ဦး၊ ဘောလခဲမြို့နယ်တွင် (၂၃၀)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၁၁၈)ဦး၊ မယ်စဲ့မြို့နယ်တွင် (၁၆၆)ဦး၊ ဖရူဆိုမြို့နယ်ဆေးရုံတွင်(၅)ဦးနှင့် မိုးဗြဲမြို့နယ်ဆေးရုံတွင် (၁)ဦး စုစုပေါင်းလူနာ (၆၅၄) ဦးတို့အား ကုသပေး လျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)