ဖားဆောင်း နိုဝင်ဘာ ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)၊ လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က စာပေ ချစ်မြတ်နိုးသူများ အချင်းချင်း စာဖတ်သူအကြိုက် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ လစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က စာရေး ဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နှင့်အပြောင်းအလဲ စာအုပ်မှ လူငယ်နှင့်ပရဟိတစိတ်ဓါတ် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာ Book Club အဖွဲ့ဝင် ဦးအောင်ကျော်ထွန်းက စာရိတ္တမဏ္ဍိုင်ခေါင်းစဉ်ဖြင့်လည်းကောင်း Youth Club အဖွဲ့ဝင် မောင်အောင်မြတ်သူက လူငယ်နဲ့ အပြောင်းအလဲခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)