ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​​ရောဂါ အတည်ပြုလူနာ(၁၆)ဦး ထပ်မံ​တွေ့ရှိ

ဖား​ဆောင်း    ​နိုဝင်ဘာ     ၁၁

 ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌  ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း အမြန် ဆုံး ​လျော့ချနိုင်​ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါပိုးကူးစက်ခံရမှုရှိမရှိ( အခမဲ့) ဆက်လက် စစ်​ဆေး​ပေးခြင်းကို ​​ယ​နေ့နံနက်(၈)နာရီ အချိန်တွင် စတင်၍ ဖား​ဆောင်းမြို့​​​​​​ပါပု​ကျေးရွာသို့ မိုဘိုင်း​ရွေ့လျားသွား​ရောက်ကာ အဆိုပါ​ကျေးရွာတွင် ​နေထိုင်သည့် ပြည်သူများအား RDT Tesk kit ဖြင့် ကျန်းမာ​ရေးဦးစီးဌာနနှင့် တာဝန်ရှိသူက (အခမဲ့) စစ်​ဆေး​ပေးခဲ့​ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါပိုး​တွေ့ရှိမှု ရာခိုင်နှုန်း ယခင်ထက်​လျော့နည်း ကျဆင်းလာ​သော်လည်း ဖြစ်ပွားမှုနှုန်း​လျော့နည်းလာ​စေရန် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ် ထိန်းချုပ်​ ကုသ​ရေးလုပ်ငန်း​ ကော်မတီ ဥက္ကဋ္ဌ နှင့် ​ကော်မတီဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာ​ရေးဦးစီးဌာနမှူးနှင့် ကျန်းမာ​ရေး ဝန်ထမ်းများက မြို့​ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူ များအား ကိုဗစ်-၁၉ ​ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ RTD Test Kist ဖြင့် ပြည်သူ(၂၀၃)ဦးအား စစ်​ဆေး​ပေးခဲ့ရာ ​ရောဂါပိုး ကူးစက်ခံရသူ ကျား(၅)ဦး၊မ(၁၁)ဦး စုစု​ပေါင်း(၁၆)ဦးစစ်​ဆေး​တွေ့ရှိခဲ့၍ တာဝန်ရှိသူများက ၄င်းတို့အား အတည်ပြု လူနာကုသ​ဆောင်သို့ စနစ်တကျ ပို့​ဆောင်ပြီး ​ဆေးကုသ​မှု​​​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ခံရမှု ရှိမရှိ အခမဲ့စစ်​ဆေး​ပေးရာသို့ မြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ် ထိန်းချုပ်ကုသ​ရေး​ကော်မတီ ဥက္ကဋ္ဌနှင့် ​ကော်မတီဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ကြက်​ခြေနီအသင်း ခွဲတပ်ဖွဲ့ဝင်များ၊​ ရွှေပြည်သို့လူမှုကူညီ​ရေးအသင်းဝင်များ၊​ စေတနာ့ဝန်ထမ်းများက ပူး​ပေါင်း ပါဝင်ကူညီ​ ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင်