ကယားပြည်နယ်

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပရိတ်တရားတော် နာယူပူဇော်ပွဲ ကျင်းပ

၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်နေ့တွင် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးခန်းမ၌ ပရိတ်တရားတော်နာယူပူဇော်ခြင်းကို ယမန်နေ့ ၂  နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

လွိုင်ကော်မြို့အတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ညနေ ၃ နာရီခွဲက ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်၌ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကော်စီ၏ ဦးဆောင်မှုဖြင့် ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံ

လွိုင်ကော် မတ် ၁၀ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဆရာတော်သံဃာတော်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ လွိုင်ကော်မြို့ အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်းနှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတို့တွင် ထိုးနှံဆောင်ရွက် ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများက ဌာနဆိုင်ရာ များနှင့် ပြည်သူများအား တစ်ကြိမ်လျှင် ၁၀ ဦးစီခွဲ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များန

ရွာသစ်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ရွာသစ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ စတုမာလာမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့၌ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ လှည့်လည်ဆောင်ရွက်

ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၇)နာရီအချိန်က မြို့တွင်းရပ်ကွက် များသို့ လှည့်လည် ဆော်ဩခဲ့သည်။

ရွာသစ်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဆောင်းအကုန် နွေအကူးကာလရာသီ ရောက်ရှိလာပြီ ဖြစ်သဖြင့် ဒေသခံပြည်သူများ ကြိုတင်သိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁နာရီခွဲ အချိန်က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ကယားပြည်နယ်အတွင်း ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ကယားပြည်နယ်အတွင်း ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ၊ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သည်။

ဒီးမော့ဆိုမြို့နယ် ဒေါဘူးခိုကျေးရွာတွင် အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန် အတွက် အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း (၄/၂၀၂၁) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဒေါတော်ကူးကျေးရွာ အုပ်စု ဒေါဘူးခိုကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်