ကယားပြည်နယ်

လွိုင်ကော်မြို့၌ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှားတောမြို့နယ်တွင် ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် Contact Person (၃၄)ဦးအား Tast Kit စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ Positive (၆)ဦး ထပ်မံတွေ့ရှိ

ကယားပြည်နယ်၊ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ Positive လူနာနှင့် ထိတွေ့ခဲ့သည့် Contact Person (၃၄)ဦးအား ယနေ့တွင် Tast Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ Positive (၆)ဦး ထပ်မံတွေ့ရှိခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြ်ု့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့က လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ကျင်းပခဲ့ သည်။

လွိုင်ကော်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးယနေ့ထပ်မံတွေ့ရှိသူ (၂၆) ဦးရှိပြီး ယနေ့ထိ ဆေးရုံ ဆင်းခွင့်ရသူ (၄,၈၉၈)ဦးရှိကာ ယနေ့သေဆုံးလူနာ (၁)ရှိ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၄) ရက် နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၁၇၄) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၂၆) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၂၆)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၆) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၁)ဦး၊ ဘောလခဲမြို့နယ် ဆေးရုံတွင်(၃)ဦး၊ ဘောလခဲမြို့နယ် (PMC)များတွင် (၅)ဦး၊ ဖားဆောင်းမြို့နယ် (PMC)များတွင် (၄)ဦး ၊ရှား​တောမြို့နယ်ရှိ (PMC)များတွင် (၆)ဦး နှင့်ဖားဆောင်းမြို့နယ်ဆေးရုံတွင်(၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၆၃) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၄၆၃၆)ဦး ရှိကာ ယနေ့သေဆုံးလူနာမရှိ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၁)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၄၄၁) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၆၃) ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့လူနာသစ် (၆၃) ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ ဆေးရုံကြီးတွင် (၆) ဦး၊ ဘောလခဲမြို့နယ် ဆေးရုံတွင်(၁)ဦး၊ ဘောလခဲမြို့နယ် (PMC)များတွင် (၅)ဦး၊ ဖားဆောင်းမြို့နယ် (PMC)များတွင်(၅)ဦး၊ ရှား​တောမြို့နယ်ရှိ (PMC)များ တွင် (၄၃)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၁)ဦးနှင့် မယ်စဲ့မြို့နယ်​ဆေးရုံတွင်(၅)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ဖားဆောင်းမြို့နယ် ​​​​ပါပု​ကျေးရွာသို့ ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်​​ရေး အသိပညာ​ပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ​​​​ပါပု​​​ကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ထိုးနှံ​ရေးနှင့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်​​၍ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယ​​နေ့​ နေ့လယ်(၁၁)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လံနှိုး​ဆော်ခြင်းဆောင်ရွက်ခဲ့ သည်။

ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​​ရောဂါ အတည်ပြုလူနာ(၁၆)ဦး ထပ်မံ​တွေ့ရှိ

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း အမြန် ဆုံး ​လျော့ချနိုင်​ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါပိုးကူးစက်ခံရမှုရှိမရှိ( အခမဲ့) ဆက်လက် စစ်​ဆေး​ပေးခြင်းကို ​​ယ​နေ့နံနက်(၈)နာရီ အချိန်တွင် စတင်၍ ဖား​ဆောင်းမြို့​​​​​​ပါပု​ကျေးရွာသို့ မိုဘိုင်း​ရွေ့လျားသွား​ရောက်ကာ အဆိုပါ​ကျေးရွာတွင် ​နေထိုင်သည့် ပြည်သူများအား RDT Tesk kit ဖြင့် ကျန်းမာ​ရေးဦးစီးဌာနနှင့် တာဝန်ရှိသူက (အခမဲ့) စစ်​ဆေး​ပေးခဲ့​ကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပိုမိုသိရှိလိုက်နာနိုင်ရန်ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ကယားပြည်နယ်