လွိုင်ကော်မြို့၌ နှစ်သစ်ဦးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်
ကယားပြည်နယ် လွိုင်ကော်မြို့၌ ၁၃၈၄ခုနှစ် ၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် အန္တရာယ်ကင်း ပရိတ် တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။