ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၂၂) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့် ရသူ (၄၄၆၁)ဦး
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၈)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၄၅၄) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂၂) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ ပိုးတွေ့လူနာသစ် (၂၂)ဦးရှိရာ ၎င်းပိုးတွေ့လူနာ များအနက် လွိုင်ကော်ဆေးရုံကြီးတွင် (၈) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များ တွင် (၁)ဦး ၊ ဘောလခဲမြို့နယ် ဆေးရုံတွင် (၃)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင်(၄)ဦး၊ မယ်စဲ့မြို့နယ်ဆေးရုံတွင် (၂)ဦးနှင့် ဖားဆောင်းမြို့နယ်ရှိ (PMC)များ တွင်(၄)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။