ဖားဆောင်း မတ် ၃၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ(၃၉)ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေခန်းတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်သူများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြငဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကြည်လင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေးကော်မတီများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်းနှင့် အထကဖားဆောင်း စာစစ်ဌာနတွင် စာရင်းရှိ(၅၆)ဦးအနက် (၃၉)ဦး ဝင်ရောက်ဖြေဆိုပြီး(၁၇)ဦးပျက်ကွက်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၆၉.၆၄ ရာခိုင်နှုန်းရှိကြောင်း ဖားဆောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။
နန်းသဲနုအောင်(ဖားဆောင်း)