လွိုင်ကော် ဧပြီ ၂
ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း နှင့်မယ်စဲ့မြို့နယ်အသီးသီးရှိ စာစစ်ဌာန (၄)ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ နေ့မှ စတင် ဖြေဆိုလျက်ရှိရာ (တတိယနေ့)တွင် သင်္ချာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၅၇၅) ဦးဆက်လက်၍ အေးချမ်းစွာဝင်ရောက်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းမျဉ်း /စည်းကမ်းများနှင့်အညီ နှာခေါင်း စည်းများတပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာမေးပွဲဖြေဆိုခွင့်ကဒ်များ မှန်/မမှန် စစ်ဆေးခြင်းများကို ဆရာ/ဆရာမများက စနစ်တကျစစ်ဆေးခြင်းများ ကိုဆောင်ရွက်ကြသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဧပြီလ (၃) ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ် မှတ်ပြီး ဧပြီလ ၄ ရက်နေ့ တနင်္လာနေ့တွင် ဓာတုဗေဒ ၊ ဧပြီလ ၅ ရက်နေ့ အင်္ဂါနေ့တွင် ရူပဗေဒ ၊ ဧပြီလ ၆ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဇီဝဗေဒ/ဘောဂဗေဒ၊ ဧပြီလ ၇ ရက်နေ့ကြာသပတေးနေ့ တွင် ပထဝီဝင်၊ ဧပြီလ ၈ ရက်နေ့ သောကြာနေ့တွင် သမိုင်း၊ ဧပြီလ ၉ ရက်နေ့တွင် စိတ်ကြိုက် မြန်မာစာ စသည်ဖြင့် ဆက်လက်ဖြေဆိုကြရမည်ဖြစ်ကြောင်းသိရသည်။
ပြည်နယ်အတွင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့်စာမေးပွဲဖြေဆိုနိုင်ရေး၊ စားမေးပွဲအား အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများ၌ ကယားပြည် နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ၊ ရပ်ဖများက လိုအပ်သည်များကိုကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်အတွင်းတွင် စာစစ်ဌာန (၄) ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်း ပေးထားသူ (၇၈၀)ဦးအနက် ယနေ့ သင်္ချာဘာသာရပ်အား ဖြေဆိုသည့်ကျောင်းသား ၊ ကျောင်း သူ ပေါင်း(၅၇၅) ဦး နှင့် ပျက်ကွက် (၂၀၅)ဦးအနက် မယ်စဲ့မြို့နယ်တွင် ကိုဗစ်လူနာ ဆေးရုံဖြေ (၂)ဦးဖြစ်ပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၇၃.၇၂) ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူး ရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)