(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
၂၀၂၂ ခုနှစ်၊ မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၈)နာရီအချိန်က လွိုင်ကော်မြို့ဈေးပိုင်း ရပ်ကွက်ရှိ ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ် ရင်ပြင်တော်နှင့် စေတီပရဝုဏ်အတွင်းတွင် လူထုအကျိုးပြုလုပ်ငန်းများကိုမီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခဲ့သည်။