ကယားပြည်နယ်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ် အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ နှစ်သစ်ဦးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်

ကယားပြည်နယ် လွိုင်ကော်မြို့၌ ၁၃၈၄ခုနှစ် ၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် အန္တရာယ်ကင်း ပရိတ် တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ ကျင်းပ

၁၃၈၄ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မယ်စဲ့မြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ၁၃၈၃ ခု၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ယိမ်းအက၊ အလှ ဆုချီးမြှင့်ခြင်းနှင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ၁၃၈၃ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ယိမ်းအက၊အလှ ဆုချီးမြှင့်ခြင်းနှင့် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယနေ့ (သင်္ကြန်အတက်နေ့) မွန်းလွဲပိုင်းက နောင်ယား (ခ) ရပ်ကွက်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မိုးကောင်းမဟာမြတ်မုနိဘုရားကြီးအား ရေသပ္ပာယ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မိုးကောင်းမဟာမြတ်မုနိဘုရားကြီးအား ရေသပ္ပါယ် ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲက လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ မိုးကောင်းမဟာမြတ်မုနိဘုရားကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဌာန၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ကြစေရန်နှင့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့သည်။

၂၀၂၂‌ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဋ္ဌမမြောက်နေ့ သမိုင်း ဘာသာရပ်ကို အေးချမ်းစွာဖြေဆို

၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ အဌမနေ့တွင် သမိုင်းဘာသာရပ်ကို ကယားပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆိုလျက်ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၁-၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့ကို အ.ထ.က(မယ်စဲ့) စာစစ်ဌာန၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒ ဘာသာရပ်ဖြေဆို

ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်အသီးသီးရှိ စာစစ်ဌာန (၄) ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ နေ့မှစတင် ဖြေဆိုလျက်ရှိရာ (စတုတ္ထနေ့)တွင် ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၃၆၇) ဦး ဆက်လက်ဖြေဆိုကြောင်း သိရသည်။

ဘောလခဲမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ (သင်္ချာ) ဘာသာရပ်အား ဆက်လက်ဖြေဆို

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ (သင်္ချာ) ဘာသာရပ်ကို အ.ထ.က(ဘောလခဲ) စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ အေးချမ်းစွာ ဖြေဆို လျက်ရှိကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက စောင့်ကြပ်လျက်ရှိပြီး ကျန်းမာရေးဌာနကလိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အတွက် လည်း ပြင်ဆင်စောင့် ရှောက်ပေးလျက်ရှိသည်။
Subscribe to ကယားပြည်နယ်