မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံ

မယ်စဲ့ ဩဂုတ် ၁၅

ကယားပြည်နယ်၊  မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်ချိုမာ၊ ဒေါ်သန်းရွှေ၊ ဒေါ်မေးဘာ ၊ ဦးဗျားရယ်နှင့် ကျန်းမာရေး ဝန်ထမ်းများက မယ်စဲ့မြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက်၊ ဝမ်ကန်၊ ဟိုစဲ့၊ နမ့်မန်းကျေးရွာတို့မှ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသက်နှစ် နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ငါးမျိုးစပ်ကာကွယ်ဆေး၊ ဂျိုက်သိုး၊ ဝက်သက်၊ ပိုလီယို၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျော ရောဂါနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေး၊ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)