မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ

မယ်စဲ့  ဩဂုတ်  ၁၉

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club Youth Club တို့ ပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် လူငယ်တွေစဉ်းစားဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ က လူထုအခြေပြုဗဟိုဌာန Community Centre ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည် က စာရေးဆရာအောင်ကိုဦး ရေးသားသည့် လူငယ်တွေစဉ်းစားဖို့ စာအုပ်မှ လူငယ်များအတွက် ဘဝခရီးကို လျှောက်လှမ်းရာတွင် မှန်ကန်သောရွေးချယ်မှုကို ရွေးချယ်နိုင်စေရန် လိုအပ်ကြောင်းနှင့် တွေ့ကြုံလာသည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ခွန်အားသတ္တိများ မွေးမြူခြင်းဖြင့် အောင်မြင်မှုများ ရရှိနိုင်ပါကြောင်း ဦးဆောင်ဆွေးနွေးရာ Book Club အဖွဲ့ဝင် မမေသူဟိန်းက ကိုယ်ချစ်တာကိုလုပ်ပါ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Youth Club အဖွဲ့ဝင် မခင်ဝေလင်းက လူငယ်နှင့်အခွင့်အလမ်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင် မစန်းစန်းမြင့်က လူငယ်နှင့်စိန်ခေါ်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာအုပ်ပြပွဲကို ကျင်းပရာ တက်ရောက်လာသည့် Book Club နှင့် Youth Club အဖွဲ့ဝင်များက ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)