လွိုင်ကော်မြို့၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေြဖင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါအောင်ကုမ္ပဏီများအား အခွန်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနား ကျင်းပ

လွိုင်ကော်       စက်တင်ဘာ   

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါအောင်ကုမ္ပဏီများအား အခွန်ဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က လွိုင်ကော်မြို့၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးသန့်ဇင် က အမှာစကားပြောကြားပြီး ကယားပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မြင့် က အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကုမ္ပဏီများက အခွန်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာန ပြည်နယ်ဦးစီးမှူး က ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးသန့်ဇင် က တင်ဒါအောင်ကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအပေါ် အကြံပြုချက်များအား Power Point ဖြင့် ရှင်းလင်ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကုမ္ပဏီများက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)