ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ဒုတိယအကြိမ် ထပ်​ဆောင်ထိုးနှံ​

ဖား​ဆောင်း သြဂုတ် ၃၀

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဒုတိယအကြိမ်ထပ်​ဆောင်း ကာကွယ်​ဆေး Booster ကာကွယ်​ဆေးများကို ယ​နေ့နံနက် ၉ နာရီက ဖားဆောင်းမြို့နယ်ပြည်သူ့​ဆေးရုံခန်းမ၌ ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်​ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ် Booster ​ဆေးအပြင် ပြည်သူများအား ထပ်​ဆောင်း Booster ထပ်မံထိုးနှံ​ပေးလျက်ရှိရာ ယ​နေ့ပထမ​​နေ့အဖြစ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား စတင်ထိုးနှံ​​ပေး​လျက်ရှိ​ကြောင်းနှင့် ​ဒေသခံပြည်သူများအား သက်ဆိုင်ရာရပ်ကွက်/​ ကျေးရွာများအတွင်းရှိ သတ်မှတ်ထားသည့် ​ဆေးထိုးစုရပ်အသီးသီးတွင် ဆက်လက်ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်း မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာနမှ သိရှိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)