မယ်စဲ့ စက်တင်ဘာ ၂
စက်တက်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲတွင် အထက(မယ်စဲ့)မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၇ ဦးက “လူကုန်ကူးမှုတိုက်ဖျက်ရေး ပြည်သူအားလုံးကာကွယ်ပေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးက “လူကုန်ကူးမှုမှန်သမျှ ဝိုင်းဝန်းပူးပေါင်း တိုက်ဖျက်ကြ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူး သန်းဇော်ဌေးနှင့် အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းတို့က လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)