လွိုင်ကော် ဩဂုတ် ၃၁
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သော မြစ်ရေကြီးခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီဆောင်ရွက်နိုင်ရန်အတွက် ရေပြင်ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ နောင်ယားကန်သာ၌ ဆောင်ရွက်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အရေးပေါ် သဘာဝတုံ့ပြန်မှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်မီးသတ်ဦးစီးမှူး ဦးမြကြိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီထွေးမှ ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်(၄၅)ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်(၁၀)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် (၁၀)တို့နှင့်အတူ ရေပြင်ရှာဖွေကယ်ဆယ်ရေး စွမ်းရည် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)