မိုးကောင်းမြို့ အ.ထ.က(ခွဲ)ကံလှ၌ လူငယ်စကားဝိုင်း ကျင်းပ

မိုးကောင်း ဇွန် ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အ.ထ.က(ခွဲ)ကံလှ၌ ဇွန်လ(၂၅)ရက် နေ့လယ်(၁၁)နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးစံဝက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က လူငယ်စကားဝိုင်းတွင် တက်ရောက်ဆွေးနွေးကြသောလူငယ်များအနေဖြင့် အသိပညာဗဟုသုတရရှိစေပြီး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိကာ အချင်းချင်းချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ Grade-10 မှ မောင်ချမ်းမြေ့မောင်မောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်စစ်ပိုင်မင်းစိုးက လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မအေးထက်ဇင်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မဂျူးဇင်ဇင်သန့်မှ လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကိုလည်းတက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)