မြစ်ကြီးနား ဇွန် ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နန့်ကွေးကျေးရွာအတွင်း ယမန်နေ့ မွန်းလွဲ ၁ နာရီကျော်က လျှပ်စစ်မီး ပလပ်ခုံအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ကျေးရွာအတွင်းရှိ အိမ်အမှတ် (၆/၃၂၅)ရှိ မီးဖိုလန်းအတွင်း ထမင်းပေါင်းအိုးတည်ထားသည့် မီးပလပ်ခုံ အပူလွန်ကဲရာမှ အနီးရှိ ထရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်း ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့သဖြင့် အဆိုပါ (၂၇)ပေပတ်လည် သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်းနေအိမ် တစ်လုံးသာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်