တနိုင်း ဇွန် ၂၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ရက် ၁၀၀ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုကို ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာကျောင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့၊ အမှတ်(၁)အခြေခံပညာကျောင်းတွင် ဇွန်လ ၂၅ ရက်နေ့ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်နေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်ထွန်း၊ ဒုခရိုင်မှူး ဦးဘောက်နော်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်မြင့်တို့ ကွင်းဆင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
မနောမြေ(တနိုင်း)