မိုးကောင်း ဇွန် ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းများသို့ ဖြန့်ဝေကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် “အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့” ခေါင်းစဉ်ပါဆောင်းပါးနှင့်အတူ မူးယစ်ဆေးဝါးအုပ်စု(၅)မျိုး၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်ကဗျာ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ ကာတွန်းနှင့်ဆောင်ပုဒ်များ၊ မီးရှို့ဖျက်ဆီးခဲ့သည့်မူးယစ်ဆေးဝါးနှင့်တန်ချိန်စသည့် အသိပညာဗဟုသုတများပါဝင်ပြီး အဆိုပါလက်ကမ်းစာစောင် စောင်ရေ(၄၀၀)အား အ.ထ.က(၁)မိုးကောင်း၊ အ.ထ.က(၂)မိုးကောင်း၊ အ.ထ.က-နောင်ကိုင်တော်နှင့် အ.ထ.က(ခွဲ)ကံလှတို့အား တစ်ကျောင်းလျှင် စောင်ရေ(၁၀၀)နှုန်းဖြင့် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)