ပျဉ်းမနားမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ ၂၂၉၄ ဦး ဖြေဆို

ပျဉ်းမနား မတ် ၁၇

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။

ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(မြန်မာစာဘာသာ)ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)နှင့် အခြေခံပညာအထက်တန်းကျောင်း(ညောင်ပင်သာ) စုစုပေါင်း  စာစစ်ဌာနငါးခုတို့၌ ကျောင်းသား ၁၀၁၀ ဦး၊ ကျောင်းသူ ၁၃၄၄ ဦး စုစုပေါင်း ၂၃၅၄ ဦးစာရင်းပေးသွင်းထားပြီး ဖြေဆိုသူကျောင်းသား ၉၇၁ ဦး၊ ကျောင်းသူ ၁၃၂၃ ဦး စုစုပေါင်း ၂၂၉၄ ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၆၀ ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၇ ဒသမ ၄၅ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)