ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

ပုဗ္ဗသီရိ မတ် ၁၇

ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီအနုပညာကို စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ရေးဆွဲနိုင်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲက ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်ချယ်ရီအောင်သန်း (ချယ်ချယ် - YU)က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခ့ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးအား အခြေခံကျသည့် မျဉ်းကြောင်းရေးဆွဲနည်း၊ အလင်းအမှောင်၊ ပန်းချီပညာအယူအဆနှင့် ပန်းချီပညာ၏ အခြေခံစည်းမျဉ်းစည်းကမ်းများကို သင်တန်းနည်းပြ ဒေါ်ချယ်ရီအောင်သန်း (ချယ်ချယ် - YU)က မတ်လ(၁၇)ရက်‌နေ့မှ (၁၉)ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)