တပ်ကုန်း မတ် ၁၇
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တပ်ကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ယနေ့နံနက် (၉) နာရီက မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုခဲ့ရာ စာစစ်ဌာန ရှစ်ခု၊ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၈၃၂) ဦး၊ ဖြေဆို သူပေါင်း (၁၇၅၈) ဦး၊ ပျက်ကွက်သူပေါင်း (၇၄) ဦး၊ (၉၅) ဒသမ (၉၆) ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တပ်ကုန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်