ဇေယျာသီရိ မတ် ၁၇
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ကျောင်းသူများ ဖြေဆိုကြသည်။
ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာဘာသာ)ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း၊ ရေဆင်း အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ချက် အခြေခံပညာအထက်တန်းကျောင်း စုစုပေါင်း စာစစ်ဌာန ငါးခုတို့၌ ကျောင်းသား (၆၈၅) ဦး၊ ကျောင်းသူ (၇၈၄) ဦး စုစုပေါင်း (၁၄၆၉) ဦးစာရင်းပေးသွင်းထားပြီး ဖြေဆိုသူကျောင်းသား (၆၄၄) ဦး၊ ကျောင်းသူ (၇၅၅) ဦး စုစုပေါင်း (၁၃၉၉) ဦးတို့ ဝင်ရောက် ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၀) ဦးရှိပြီး ရာခိုင်နှုန်း အနေဖြင့် (၉၅) ဒသမ (၂၃) ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)